လက်ထောက်နိုင်ငံခြားရေးဝန်ကြီး

July 12, 2018

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝါရင့်သံတမန် ဒေးဗစ်ဟဲလ်ကို ထရမ့် အမည်စာရင်း တင်သွင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးသစ် အဖြစ် ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းကို ဇူလိုင် ၁၁ ရက်နေ့က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဝါရင့်သံတမန် ဒေးဗစ်ဟဲလ် (David Hale) ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာပါ။ သူဟာ ၂၀၁၅ ခုနှစ်က စပြီး ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီရာထူးမတိုင်ခင်က သူဟာ လက်ဘနွန်နဲ့ ဂျော်ဒန်သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်ရဲ့ အမှုဆောင် လက်ထောက်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up