လက်တွေ့သရုပ်ပြ

A d v e r t i s e m e n t With Us

January 21, 2017

ရေးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ (ဓာတ်ပုံ-ရုပ်သံ)

[gallery ids="185231,185232,185233,185234,185235,185236,185237"] မွန်ပြည်နယ် ရေးမြို့နယ် မြသီတာဈေးမှာ မီး ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနနဲ့စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မီးငြိမ်းသတ်နည်း လက်တွေ့လေ့ကျင့်မှုကို ၁ နာရီကြာ ပြသခဲ့ပါတယ်။ အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက အလျင်အမြန်ငြိမ်းသတ်နိုင်ရန်အတွက် ဇာတ်တိုက် လေ့ကျင့်ပညာပေးပြသရခြင်း ဖြစ်တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။ အဆိုပါ မီးငြိမ်းသတ်နည်း လက်တွေ့သရုပ် ပြသရာမှာ ဈေးသူဈေးသားနဲ့ ပြည်သူတွေ ကြည့်ရှုအားပေးခဲ့ပါတယ်။ နေမျိုးထွဋ်
4 years Ago
Up