ကမ္ဘာ့အန္တရယ်အများဆုံး ကွန်ပြူတာဗိုင်းရပ်စ် ၁၂ မျိုးထဲက ၆ မျိုးကူးစက်ခံထားရတဲ့ လက်တော့ပ်တလုံးကို တရုတ်အင်တာနက် အနုပညာရှင်တဦးက ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ OC သတင်းမှာဖော်ပြပါတယ်။
“The Persistence of Chaos” လို့ခေါ်တဲ့ အနုပညာပရောဂျက်တခုအဖြစ် ဒီလိုရောင်းချမှာဖြစ်ပြီး ဒီပရောဂျက် အင်တာနက်အနုပညာရှင် ဂိုအိုဒေါင်းနဲ့ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Deep Instince တို့က ပူးတွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီပရောဂျက်မှာ XP SP3 window တင်ထားတဲ့ ၂၀၀၈ ခုနှစ်ထုတ် ဆမ်ဆောင်းလက် တော့ပ်တလုံး ပါဝင်ပါတယ်။
ဒီလက်တော့ပ်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ကွန်ပျူတာ ဗိုင်းရပ်စ် ၁၂ မျိုးထဲက ၆ မျိုးကို ထည့်သွင်းထားပြီး ဒါကို ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ ရောင်းချနိုင်မယ်လို့လည်း ဂိုအိုဒေါင်းက မျှော်လင့်ထားပါတယ်။
ILOVEYOU၊ MyDoom၊ SoBig၊ WannaCry၊ DarkTequila နဲ့ BlackEnergy လို့ခေါ်တဲ့ ဒီဗိုင်းရပ်စ်ခြောက်မျိုးဟာ သူတို့ကိုပေးထားတဲ့ နာမည်တွေအရ ရယ်စရာကောင်းနေပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်ခုအတွင်း ကမ္ဘာတဝန်းလုံးမှာ ဒေါ်လာ ၉၅ ဘီလီယံဆုံးရှုံးအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဗိုင်းရပ်စ်တွေပဲ ဖြစ်ပါတယ်။
ဂိုအိုဒေါင်းကတော့ သူ့ရဲ့နောက်ပုံးပေါ် ဖန်တီးမှုလက်ရာကို “သမိုင်းဝင်ခြိမ်းခြောက်မှုများ စုစည်းရာ” လို့ နာမည်ပေးထားပါတယ်။
ဒီလိုအဖျက်အားပြင်းတဲ့ ခြိမ်းခြောက်မှုတွေ စုစည်းရောင်းချရမှုကို ဝယ်ယူသူဟာ အရမ်းကို အန္တရာယ်များတဲ့ လုပ်ရပ်တခုဖြစ်ပြီး ဒီလိုအန္တရာယ်ရှိတဲ့ အခြေအနေကိုကာကွယ်ဖို့ Deep Instince က ဒီလက်တော့ပ်ကို တခြားသော ဘယ်အရာနဲ့မှ ဆက်စပ်လို့မရအောင် စီမံဆောင်ရွက်ထားပါတယ်။
ဒီလက်တော့ပ်အတွက် လေလံဟာ မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ဒါကို ဒေါ်လာ ၁ ဒသမ ၂ သန်းပေးသူ ရှိနေပါတယ်။
ဒီလိုမျိုး လိုအပ်တဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေ ချမှတ်ထားပေးမယ့် လက်တော့ပ်ကို ဝယ်ယူမယ့်သူဟာ “အန္တရာယ်များတဲ့ ဗိုင်းရပ်စ်တွေကို မဖြန့်ရဘူးဆိုတဲ့ သဘောတူညီမှုကို လက်မှတ်ထိုးရဖို့ လိုအပ်တယ်လို့လည်း” သိရပါတယ်။
2 years Ago