လက်ချောင်းများ အသုံးမပြုနိုင်ဘဲ ပါးစပ်ဖြင့်ဆွဲသည့် ပန်းချီကားများဖန်တီးရှင်

November 29, 2016

မွေးရာပါ လက်ချောင်းများ အသုံးမပြုနိုင်ဘဲ ပါးစပ်ဖြင့်ဆွဲသည့် ပန်းချီကားများဖန်တီးရှင် (ရုပ်သံ)

အာဖဂန်နစ္စတန်နိုင်ငံသူ ရိုဘာဘာ မိုဟာမဒီဟာ မွေးကတည်းက လက်ချောင်းတွေ ခြေချောင်းတွေ မသန်စွမ်းတဲ့ အခြေအနေတခုနဲ့ မွေးဖွားလာခဲ့သူပါ။ ခုချိန်မှာတော့ သူမဟာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ သူ့ရဲ့ ပထမဆုံး ပန်းချီပြပွဲကို ကျင်းပနိုင်ခဲ့ပါပြီ။ သူဟာ ငယ်စဉ်ကတည်းက ဘဝကို အရှုံးမပေးဘဲ ပါးစပ်နဲ့ ပန်းချီတွေ ရေးခဲ့ရာကနေ ခုချိန်မှာတော့ အောင်အောင်မြင်မြင်နဲ့ ရပ်တည်နိုင်ခဲ့တာပါ။ ရိုဘာဘာကို ဂါဇ်နီခရိုင်ထဲမှာ ဆင်းရဲတဲ့ မိသားစုတခုကနေ မွေးဖွားလာခဲ့တာဖြစ်ပြီး သူ့ရဲ့ ခြေချောင်းတချို့ လှုပ်ရှားနိုင်တာကလွဲရင် လက်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ သူဟာ ဒီပန်းချီပြပွဲကနေ ရရှိလာမယ့် ဝင်ငွေတွေကိုတော့ တခြားသော သူ့လိုပဲ နေထိုင်ကြရတဲ့ မသန်စွမ်းတွေအတွက် လှူဒါန်းဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ပထမဆုံးသော သူ့ရဲ့ပန်းချီပြပွဲကို အာဖဂန်နစ္စတန်နိုင်ငံမြို့တော်၊ ကဘူးလ်မှာ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ကျင်းပခဲ့တာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up