လက်ချောင်း

October 14, 2017

လက်ချောင်း ၁၂ ချောင်းနှင့် ခြေချောင်း ၁၂ ချောင်းပါသည့် ထူးခြား မိသားစု

ဘရာဇီးလ်နိုင်ငံ ဘရာဇီးလီးရားမြို့မှာ မိသားစုတခုရဲ့ မိသားစုဝင် ၁၄ ဦးစလုံးက လက်ချောင်း ၁၂ ချောင်းနဲ့ ခြေချောင်း ၁၂ ချောင်းပါတဲ့ ထူးခြားဝိသေသနဲ့ မွေးဖွားလာတယ်လို့ သိရကြောင်း သည်ဆန်းသတင်းမှာ အောက်တိုဘလာ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီဆေးလ်ဗားဆိုတဲ့ အမျိုးသားက ပုံမှန်မဟုတ်ဘဲ တူညီတဲ့မျိုးရိုးဗီဇနဲ့ မွေးဖွားလာတဲ့ လက်ချောင်း ၁၂ ချောင်း ခြေချောင်း ၁၂ ချောင်းနဲ့ မွေးစကလေးကို သူတို့ရဲ့အထူးမျိုးနွယ်စု အဖွဲ့ဝင်သစ်အဖြစ် ကြိုဆိုနေကြတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ မိသားစုဝင်အများစုက လက်ရော ခြေထောက်မှာပါ၊ လက်ချောင်း ခြေချောင်းလေးတွေ တချောင်းစီ ပိုပါနေလို့ စိတ်အနှောက်အယှက်ဖြစ်စရာဆိုပေမယ့် ၆ မိသားစုလို့ သူတို့ဘာသာ အမည်ပေးထားပြီး ဒီဆေးလ်ဗားကတော့ ဒါက အများနဲ့မတူ တမူထူးခြားတဲ့ အမှတ်အသားလို့ မြင်နေတာပါ။ မွေးစကလေးရဲ့ ဖခင်ဖြစ်သူ မိသားစုဝင် အယ်လက်ဆန်ဒရိုက “ဒါကတော့ အခြားဘယ်မိသားစုမှာမှ မရှိတဲ့ အမှတ်အသားပေါ။ ဒီအမှတ်အသားက ကျနော်တို့ကို လူအုပ်ထဲကနေ သိသာထင်ရှားစေတယ်” လို့ ပြောပါတယ်။ ဒီဆေးလ်ဗားမှာ လက်ချောင်း ခြေချောင်းတွေ ၆ ချောင်းစီ ပါပေ့မယ့် သူ့ရဲ့ဇနီးထံမှာတော့ ပုံမှန်အတိုင်း ခြေချောင်း၊ လက်ချောင်းတွေ ၅ ချောင်းစီပါနေတာပါ။ ဒီ့အတွက်ကြောင့် သူတို့ရဲ့ မွေးစကလေး ဗီနီစီရက်စ်က လက်ချောင်း ၆ ချောင်းပါ မျိုးရိုးဗီဇကို ဆက်ခံဖို့  ၅၀ ရာခိုင်နှုန်းရှိနေတာပါ။ ပထမသားတုန်းကလည်း လက်ချောင်း ၆ ချောင်းပါလို့ ခုမွေးစကလေးကို သူတို့က ဒီလိုပဲဖြစ်မယ်လို့ မျှော်လင့်နေကြတာပါ။ ဒီဆေးလ်ဗားရဲ့ဇနီး ကာတီရာက “မွေးစကလေး ဗင်နီစီရက်စ်ကလေးက လက်ချောင်း ၆ ချောင်းနဲ့ မွေးလာမယ်လို့ ကျမတို့ မျှော်လင့်ကြတယ်” ပြောပြီး ဒီဆေးလ်ဗားက “ကလေးက မွေးလာတော့ အကုန်ပြည့်ပြည့်စုံစုံပဲ လက်တွေ ၆ ချောင်းစီနဲ့ လက်တွေကိုလည်း ဆုပ်ဖို့ကြိုးစားတယ်၊ သူ့လက်ချောင်းတွေအားလုံးက ပုံမှန်အလုပ် လုပ်တယ်” လို့ ပြောပါတယ်။ လက်ချောင်း ခြေချောင်း အပိုတွေနဲ့ မွေးဖွားလာတဲ့လူတွေကို မျိုးရိုးဗီဇ လက္ခဏာအရ Polydactyly လို့ခေါ်ပြီး ဒီလိုလက္ခဏာက ကလေး ၁၀၀၀ မွေးဖွားမှ ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ခြေချောင်း လက်ချောင်း ၆ ချောင်းစီပါဝင်တဲ့ မိသားစုဝင်တွေက လက်ချောင်း ၆ ချောင်းပါလို့ ပစ္စည်းတွေအများကြီးကို တကြိမ်တည်းနဲ့ မနိုင်ကြောင်း၊ စန္ဒယားခလုပ်တွေကို ပိုနှိပ်ပြီး စန္ဒယာတီးနိုင်ကြောင်း၊ ဂိုးဖမ်းသမား ဂျိုအာရိုအဆစ်က သူ့အတွက် လက်ခြောက်ချောင်းစီပါလို့ ဘောလုံးကို ပိုမိုဆုပ်ကိုင်နိုင်ပြီး ဘောလုံး လွတ်ထွက်သွားဖို့ ခက်ခဲ့ကြောင်း စတဲ့ လက်ချောင်း ၆ ချောင်းစီပါတာရဲ့ အားသားချက်တွေကို ပြောပါတယ်။ သူတို့မိသားစုဝင်တွေ ဒီလိုဂုဏ်ယူဖွယ်ရာ အဖြစ် ဖြစ်လာတာက သူတို့ရဲ့ အဖိုးကြောင့်လို့ သိရပြီး သူက ဒီလို ကောင်းတဲ့ ၆ ဆိုတဲ့အရာကို မိသားစုအမှတ်တံဆိပ်အဖြစ် ပြောင်းလဲပေးခဲ့တာလို့ ဆိုပါတယ်။
4 years Ago
Up