လက်သရမ်းသည့် ချီလီနောက်တန်းကစားသမားကို ၃ ပွဲပယ်ပြစ်ဒဏ်ချ

June 29, 2015

လက်သရမ်းသည့် ချီလီနောက်တန်းကစားသမားကို ၃ ပွဲပယ်ပြစ်ဒဏ်ချ

ချီလီ နောက်တန်းကစားသမား ဂွန်ဇာလို ဂျာရာဟာ တဘက်ကစားသမားဖင်ကို လက်နဲ့ထိုးတဲ့ အပြုအမူအတွက် ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။ အခု ပြစ်ဒဏ်ကြောင့် ချီလီကစားသမား ဂျာရာဟာ ကိုပါပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်သွားပြီ ဖြစ်ပါတယ်။ ချီလီအသင်းဟာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး ဇွန် ၂၉  ရက်နေ့မှာ ပီရူးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကတော့ ချီလီ နောက်ခံလူရဲ့ လုပ်ရပ်ဟာ အားကစားနဲ့ မသင့်တော်တဲ့ အပြုအမူ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဂျာရာဟာ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၇၅၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ နောက်တန်းသမား ဂျာရာဟာ ဥရုဂွေးနဲ့ ယှဉ်ပြိုင်တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး ကာဗာနီရဲ့ဖင်ကို လက်နဲ့ သွားထိုးခဲ့တာပါ။ ဂျာရာရဲ့လက်က ကာဗာနီရဲ့ဖင်ကို နှိုက်လိုက်တယ်လို့ ရုပ်သံမှတ်တမ်းတွေမှာ  ဖော်ပြနေပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ကာဗာနီက ကိုယ်ထိလက်ရောက် တုံ့ပြန်တဲ့အတွက် ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီလို အငြင်းပွားဖွယ် ဖြစ်ရပ်တွေကို ကျူးလွန်တာ ဂျာရာအတွက် ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလို့လည်း ဆိုပါတယ်။ ၂၀၁၃ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ရဲ့ လိင်အင်္ဂါကို ဂျာရာက ကိုင်ခဲ့တဲ့အတွက် ဆွာရက်က ဂျာရာကို ထိုးခဲ့ဖူးပါတယ်။
6 years Ago
Up