လက်လုပ်ဗုံးပေါက်ကွဲ

May 14, 2019

ပါကစ္စတန် ဗလီတခုအနီး လက်လုပ်ဗုံးပေါက်ကွဲ၊ ရဲတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း ကယ်ဒါမြို့မှာ မေလ ၁၃ ရက်နေ့က ဗလီတခုအနီး လက်လုပ်ဗုံး ပေါက်ကွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်လုပ်ဗုံးကို မော်တော်ဆိုင်ကယ်မှာ တပ်ပြီး ရဲတပ်ဖွဲ့ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံ ပေါ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို တီရစ် အေ တာလီဘန် ပါကစ္စတန် (TTP) ဆိုတဲ့ အဖွဲ့က သူတို့လုပ်တယ်ဆိုပြီး အီးမေးလ်ကနေ ကြေညာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အဲဒီအဖွဲ့ဟာ နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့က ဆူဖီဗိမာန်ကို စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပါတယ်။ မွတ်စလင်တွေရဲ့ ရာမာဒန် ဥပုသ်လအတွင်း ပါကစ္စတန်နိုင်ငံမှာ လုံခြုံရေး တိုးမြှင့်ထားပြီး မြို့ကြီးတွေမှာ လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up