လက်ရှိနည်းပြ ရှိတ်စပီးယားကို လက်စတာအသင်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်

June 9, 2017

လက်ရှိနည်းပြ ရှိတ်စပီးယားကို လက်စတာအသင်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်

ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးအသင်းက လက်ရှိနည်းပြ ကရက် ရှိတ်စပီးယားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြ ရှိတ်စပီးယားကို လက်စတာက ၃ နှစ်စာချုပ် သဘောတူလိုက်တာပါ။ နည်းပြ ရှိတ်စပီးယားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ လက်စတာအသင်းနည်းပြ ကလော်ဒီယို ရေနီယာရီ အထုတ်ခံရအပြီး ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ရှိတ်စပီးယားဟာ လက်စတာကို သူတာဝန်ယူတဲ့ ၁၆ ပွဲမှာ ၈ ပွဲ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ရာသီအကုန်မှာတော့ လက်စတာအသင်းဟာ အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
4 years Ago
Up