ဇန်နဝါရီ ၂၂ ရက်နေ့က အစောဆုံးယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းက လက်ရှိချန်ပီယံ လက်စတာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင်ဖြစ်တဲ့ ဆောက်သမ်တန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပြီး ပထမပိုင်းမှာတင် ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
တတိယဂိုးကို ၈၆ မိနစ်မှာ တာဒစ်က ပင်နယ်တီကနေတဆင့် သွင်းယူပါတယ်။
လက်ရှိချန်ပီယံ လက်စတာအသင်းအတွက်တော့ ဒီနှစ်ရာသီထဲ အဝေးကွင်းမှာ နိုင်ပွဲမရသေးတဲ့ စံချိန်ကို ဆက်တင်နိုင်ခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ ဆောက်သမ်တန်က ၂၇ မှတ်နဲ့ အဆင့် ၁၁ နေရာကို တက်လှမ်းသွားပါတယ်။
လက်စတာကတော့ ၂၁ မှတ်နဲ့ တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
4 years Ago