လက်ရှိချန်ပီယံ လက်စတာကို မန်ယူ ၃ ဂိုးပြတ်ဖြင့်နိုင်

February 13, 2017

လက်ရှိချန်ပီယံ လက်စတာကို ဆွမ်ဆီး ၂ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ် ဆွမ်ဆီးနဲ့ လက်ရှိချန်ပီယံ လက်စတာစီးတီးတို့ ဖေဖော်ဝါရီ ၁၂ ရက်ညက ယှဉ်ပြိုင်ရာ ဆွမ်ဆီးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ နည်းပြသစ် ပေါလ် ကလီးမင့်လက်ထက်မှာ ဆွမ်ဆီးအသင်းဟာ ပုံစံကောင်းရနေပြီး နိုင်ပွဲတွေနဲ့အတူ အမှတ်ပေးဇယားအောက်ဆုံးကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ နှစ်ဘက်အသင်း ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ မတိမ်းမယိမ်းရှိခဲ့ပါတယ်။ ဆွမ်ဆီးအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာပဲ ရရှိခဲ့တာဖြစ်ပြီး ၃၆ မိနစ်မှာ မော်ဆန်နဲ့ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ အိုလ်ဆန်တို့က သွင်းယူပေးခဲ့တာပါ။ ဒီပွဲစဉ်အပြီးမှာတော့ ဆွမ်ဆီးက ရမှတ် ၂၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၅၊ လက်စတာကတော့ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁၇ မှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago

February 6, 2017

လက်ရှိချန်ပီယံ လက်စတာကို မန်ယူ ၃ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၅ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူက လက်ရှိချန်ပီယံ လက်စတာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မန်ယူအတွက် ဦးဆောင်ဂိုးကို ကွင်းလယ်ကစားသမား မစ်ခီတာရန်းက သွင်းယူပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး မန်ယူက ကွင်းလယ်မှာ ဘောလုံးအသာစီးယူနိုင်ခဲ့ပါတယ်။ မန်ယူအတွက် ဒုတိယဂိုးကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက သွင်းယူပါတယ်။ ဒီဂိုးဟာ သူ့အတွက် ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးမြောက် သွင်းယူတဲ့ဂိုးလည်း ဖြစ်ပါတယ်။ ဒုတိယဂိုး ပေးလိုက်ရပြီး နောက်ပိုင်းမှာ လက်စတာအသင်း ကစားအားကျသွားပြီး မန်ယူကပဲ ဖိအားပေး ကစားသွားပါတယ်။ အပိတ်ဂိုးကို ဒုတိယပိုင်းအစမှာ ကွင်းလယ်လူ မာတာက သွင်းယူပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ပွဲအပြီးမှာ လက်စတာနည်းပြ ရိုင်နရီကတော့ ဒီပြိုင်ပွဲမှာ သူ့ကစားသမားတွေ ယုံကြည်မှု သိပ်မရှိသလို ဖြစ်နေတယ်လို့ ပြောဆိုသွားပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူက ၄၅ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပြီး လက်စတာကတော့ ၂၁ မှတ်နဲ့ တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up