ဆူဇူကီး ၂၀၁၆ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲစဉ်လက်မှတ်တွေ လာရောက်ဝယ်ယူသူ များပြားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၄ရက်နေ့၊ ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကြမယ့် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲစဉ်အတွက် ကြိုတင်လက်မှတ်တွေကို ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ပြီး သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်း၊ ပဒုမ္မာကွင်း နဲ့ ရောင်းချနေကျ မြန်မာပလာဇာ အစား လှည်းတန်းစင်တာမှာ ရောင်းချပေးနေတာပါ။
လက်မှတ်တွေကိုတော့ မှတ်ပုံတင် ၁ ခုကို လက်မှတ် ၂ စောင်နှုန်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
4 years Ago