လက်ဘနွန်တွင်

April 8, 2018

လက်ဘနွန်တွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်တပ်ဖွဲ့ ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ဆုရရှိ

လက်ဘနွန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ အပတ်စဉ် ၁၆ က တပ်ဖွဲ့ဝင် အယောက် ၄၁၀ ပါဝင်တဲ့ တရုတ်ငြိမ်းချမ်းရေးတပ်ဖွဲ့ဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင်ဆုကို ဧပြီ ၆ ရက်နေ့က ရရှိခဲ့ပါတယ်။ အပတ်စဉ် ၁၇ ကို တာဝန်မလွှဲခင် တလအလိုမှာ ခုလို ဆုရခဲ့တာပါ။ ဆုပေးပွဲကို လက်ဘနွန်အခြေစိုက် ကုလတပ်က စစ်ဆင်ရေး စစ်ဦးစီးမှူး မိုက်ကယ်ဘယ်ရီနဲ့ လက်ဘနွန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ခါ့ကျန့်တို့ တက်ရောက်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ လုပ်ငန်းတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်ခဲ့တဲ့ တရုတ်ငြိမ်းချမ်းရေးတပ်ကို ဘယ်ရီက ချီးကျူးပါတယ်။ “မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆောက်လုပ်ရေးနဲ့ ခံတပ်ကာကွယ်ရေး စတဲ့ လုပ်ငန်းတွေမှာ တရုတ်ငြိမ်းချမ်းရေးတပ်က အများကြီး ထည့်ဝင်အားထုတ်ခဲ့တယ်။ ဆေးတပ်ကလည်း အင်မတန်အရေးကြီးတဲ့ စွမ်းဆောင်မှုတွေ ပံ့ပိုးခဲ့တယ်။ တရုတ်နိုင်ငံဟာ သူ့တပ်သားတွေအတွက် ဂုဏ်ယူသင့်တယ်” လို့ သူက ပြောပါတယ်။ လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးစစ်တပ် ဆုတ်ခွာမှုကို စောင့်ကြည့်ဖို့ ၁၉၇၈ မတ်လ ၁၉ ရက်က စပြီး ကုလတပ်ကို ကုလလုံခြုံရေး ကောင်စီက တာဝန်ပေးခဲ့တာပါ။ ၂၀၀၆ လက်ဘနွန် စစ်ပွဲအပြီး ကုလတပ်ရဲ့ လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားတဲ့ အားထုတ်သူတွေကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင်ဆုကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။
4 years Ago
Up