အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုရဲ့ ဆင်ခြေဖုံးမှာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က အဓိကရုဏ်း တခု ပေါ်ပေါက်ခဲ့ပါတယ်။
လက်ဖက်ရည်တခွက်ဈေးနှုန်းကိစ္စကို အချင်းများရာကနေ ရဲသားတယောက်က လူ ၃ ယောက်ကို သေနတ်နဲ့ ပစ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မျက်မြင်တွေက ပြောပါတယ်။
သေနတ်ပစ်ခံရတဲ့ လူ ၃ ယောက်ထဲက တယောက် သေဆုံးသွားပြီးနောက် လူအုပ်ကြီးက ၀ိုင်းလာပြီး ရဲကားကို ပြောင်းပြန်လှန်ကာ၊ ရဲသားကိုလည်း အခင်းဖြစ်တဲ့ နေရာမှာပဲ ၀ိုင်းရိုက်ခဲ့ကြပါတယ်။
ပြည်ထဲရေးဌာနဟာ လူမိုက်ဂိုဏ်းဆိုပြီး လူအုပ်ကြီးက မကျေမနပ် အော်ဟစ်ခဲ့ကြ ပါတယ်။
လမ်းဘေး လက်ဖက်ရည် ရောင်းတဲ့ လူနဲ့ ရဲတို့ လက်ဖက်ရည်တခွက်ဈေးကို အငြင်းပွားရာကနေ ရဲက လက်ဖက်ရည်ရောင်းသူကို သေနတ်နဲ့ ပစ်သတ်လိုက်ပြီး နောက်ထပ် ၂ ယောက်လည်း သေနတ်ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဌာနက ကြေညာချက် ထုတ်ပြန်ပြီးနောက် သေနတ်ပစ်တဲ့ ရဲကို ဖမ်းဆီးထားပါတယ်။
5 years Ago