လက်ပံတောင်းဒေသခံများနှင့်

June 26, 2017

လက်ပံတောင်းဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့နေ

စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင်ဒေသခံတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ပုသိမ်-မုံရွာလမ်းဆုံ၊ ဝမ်ပေါင်ကုမ္ပဏီရှေ့နားမှာ ထိပ်တိုက်တွေ့နေကြပါတယ်။ ခုရက်ပိုင်း ဝမ်ပေါင်ကုမ္ပဏီက ယမ်းအားပြင်းတဲ့ မိုင်းခွဲတာ၊ ရွှေလှေတံတားနားကနေ အက်ဆစ်ပျော်ဝင်ပါတဲ့ ရေတွေဖောက်ချတဲ့အတွက် ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးတာ၊ သီးနှံလျော်ကြေး၊ အစားထိုးမြေယာရရှိရေး စတဲ့အချက်တွေကို အကြောင်းပြုပြီး ဆည်တည်း၊ ဇီးတော၊ တုံ၊ ရွှေလှေ၊ မိုးကြိုးပြင်စတဲ့ရွာတွေက ဒေသခံတောင်သူ ၁၀၀ ကျော်က နေ့လယ် ၂ နာရီခန့်အချိန်ကစပြီး လာရောက်ဆန္ဒပြနေကြတာပါ။ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးစည်း အနည်းဆုံး ၄ ထပ်တားပြီး လမ်းကို ပိတ်ဆို့ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက ကုမ္ပဏီတာဝန်ရှိသူတွေကို တွေ့ခွင့်တောင်နေပေမယ့် တုံ့ပြန်မှု မရှိသေးပါဘူး။ ဒေသခံတွေကတော့ တွေ့ခွင့်မရမချင်း စောင့်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။
5 years Ago
Up