လက်ပံလှတွင် တရားမ၀င် တင်လာသည့် နွား ၅၆ ကောင် ဖမ်းမိ

A d v e r t i s e m e n t With Us

February 14, 2016

လက်ပံလှတွင် တရားမ၀င် တင်လာသည့် နွား ၅၆ ကောင် ဖမ်းမိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာ နယ်မြေခံရဲစခန်းက ဖေဖော်ဝါရီ ၁၁ ရက်ညသန်းခေါင်ကျော်မှာ မော်တော်ကားနဲ့ တရားမ၀င် တင်ဆောင်လာတဲ့ နွားအထီး ၅၆ ကောင်နဲ့ ကားပေါ်ပါ လူ ၁၇ယောက်ကို ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ မန္တလေးဘက်ကနေ မိုးကုတ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ၆ ဘီးကား ၄ စီးပေါ်မှာ တင်ဆောင်လာတဲ့ နွားတွေကို ဖမ်းမိတာဖြစ်ပြီး အဲ့ဒီနွားတွေကို ဗန်းမော် ဖြတ်ပြီး တရုတ်ပြည်ထဲ ရောင်းစားဖို့ သယ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ ရဲသတင်းအရတော့ နွားတင်ဆောင်ခွင့် အထောက်အထား တစုံတရာမပြနိုင်လို့ ဖမ်းလိုက်တာဖြစ်ပြီး ကားပေါ်ပါလာတဲ့ လူ ၁၇ ဦးကို စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။
5 years Ago
Up