လက်ပံတန်းတွင်

March 3, 2017

လက်ပံတန်းတွင် တရားမဝင်သစ်များ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ကံကြီးလမ်းနှင့် ဘီးလင်းတန်းလမ်းဆုံမှာ ဒီနေ့မနက် ၃ နာရီလောက်က ယာဉ်တစီးပေါ်ကနေ တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ တရားမဝင်သစ်တွေ တင်ဆောင်လာကြောင်း သတင်းအရ လက်ပံတန်းမြို့ သစ်တောဦးစီးဌာနနဲ့ မြို့မရဲစခန်း တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက  သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ မှော်အင်းကျေးရွာဘက်မှ လက်ပံတန်းမြို့ထဲ လှမင်းထွန်း မောင်းနှင်လာတဲ့ အစိမ်းရောင်ကား ဂွန်ဒေါင်းယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ၅၆ ချောင်း (၀ ဒသမ ၆၅၀၆)၊ ပျဉ်းကတိုးခွဲသား ၄ ချောင်း (၀ ဒသမ ၂၀၁၂) တန်နဲ့ အခြားခွဲသား ၂၂၄ ချောင်း ၃ ဒသမ ၈၆၂၈ တန်တို့ကို ပိုင်ရှင်ဖြစ်သူ အုန်းကုန်းရွာနေ ဦးဇော်နိုင်နဲ့ ဇီးဖြူကုန်းမြို့မရွာနေ ဦးမြင့်စန်းတို့နဲ့အတူ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ တရားမဝင် ကျွန်းခွဲသားတွေနဲ့ အခြားသစ်ခွဲသားတွေ တင်ဆောင်လာတဲ့ ယာဉ်မောင်းဖြစ်သူနဲ့ ပိုင်ရှင် နှစ်ဦးတို့ကို လက်ပံတန်းမြို့မရဲစခန်းမှ သစ်တောဥပဒေပုဒ်မ ၄၃(က)၊ ၄၂(ခ)၊ ၄၁(က) တို့နဲ့ အရေးယူသွားမယ်လို့ လက်ပံတန်းမြို့မရဲစခန်းမှ ရဲအုပ်စိန်မောင်မြင့်က ပြောပါတယ်။

သတင်း - ဝဏ္ဏထွန်း

5 years Ago

January 15, 2017

လက်ပံတန်းတွင် ရေခဲစက် ဂက်စ်ပိုက်ပေါက်ကွဲ၍ လူ ၁ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မအူကုန်ရပ်ကွက် ကန်ကြီးလမ်းမှာရှိတဲ့ ဦးဇော်မင်းနိုင် ရေခဲစက်မှာအသုံးပြုတဲ့ ဂက်စ်ပိုက်  ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ပေါက်ကွဲမှုကြောင့် စက်ပြင်ဆရာ ဦးဝင်းထိန် သေဆုံးခဲ့ရပါတယ်။ စက်ပြင်ဆရာသေဆုံးရတာနဲ့ ပတ်သတ်ပြီး လက်ပံတန်းမြို့မရဲစခန်းက သွားရောက်စစ်ဆေးရာ စက်ပြင်လုပ်သား ကိုအောင်ကိုဦးမှ မော်တာဖွင့်ပြီး အချင်း ၃ လက်မအကျယ်ရှိတဲ့ ပိုက်အတွင်းကို လေပို့လွှတ်ရာမှ လေဖိအားများသွားကာ လေဘာကွဲပြီး အချင်း ၆ လက်မရှိတဲ့ သံဘားကွင်းပြတ်ထွက်ကာ စက်ပြင်ဆရာရဲ့ ဘယ်ဘက်နားထင်ကို ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတာလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး စက်ပြင်လုပ်သား ကိုအောင်ကိုဦးကို လက်ပံတန်းမြို့မရဲစခန်းက (ပ)၄၆/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က) နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - ၀ဏ္ဏထွန်း
5 years Ago
Up