လက်နက်ရောင်းသည့်ဆိုင်ကို မျက်နှာဖုံးစွပ်လူတစု ၀င်ခိုး

A d v e r t i s e m e n t With Us

March 3, 2016

လက်နက်ရောင်းသည့်ဆိုင်ကို မျက်နှာဖုံးစွပ်လူတစု ၀င်ခိုး (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှ လက်နက်စတိုးဆိုင် တဆိုင်ကို မျက်နှာဖုံးစွပ် လူတစုက ၀င်ခိုးခဲ့ကြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မှာ အနည်းဆုံး လူ ၁၀ ဦးလောက် ပါဝင်တဲ့ မျက်နှာဖုံးစွပ် ဓားပြတွေဟာ လက်နက်စတိုးဆိုင်ရဲ့ တံခါးကို ကြိုးနဲ့ချည်ပြီး ပစ်ကပ်ကားနဲ့ ဆွဲယူမောင်းနှင် ဖွင့်ခဲ့ကြတာကို တွေ့ရပါတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ အဲဒီလူတွေဟာ ဆိုင်တွင်းကို ၀င်ရောက်ခဲ့ကြပြီး မှန်ပုံးတွေထဲက သေနတ်နဲ့ လက်နက်ခဲယမ်းတွေကို အိတ်တွေနဲ့ ထုပ်ပိုး သယ်ယူခဲ့ကြတာပါ။ ဒေသတွင်း သတင်းမီဒီယာတွေရဲ့ အဆိုအရ သူတို့ဟာ ဆိုင်ထဲက အနည်းဆုံး လက်နက် ၅၀ လောက် ခိုးယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ရဲတွေက ဒီဖောက်ထွင်းမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စုံစမ်းရှာဖွေနေကြဆဲ ဖြစ်ပါတယ်။
5 years Ago
Up