လက်နက်တသိန်းကျော်

January 16, 2017

စပိန်တွင် မှောင်ခိုဈေးကွက်ပို့မည့် လက်နက်တသိန်းကျော် ဖမ်းမိ

စပိန်နိုင်ငံမှာ မှောင်ခိုဈေးကွက်ကိုပို့မယ့် လက်နက်တသိန်းကျော်ကို ဇန်နဝါရီ ၁၂ ရက်နေ့က ဖမ်းမိခဲ့ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ စပိန်နိုင်ငံအတွင်းရှိ ဂီရိုနာ၊ လီယန်ဒို၊ ဂါလ်ဒါကာနိုနဲ့ ဂူဝဲချို စတဲ့ဒေသ ၄ ခုမှာ EUROPOL လို့ခေါ်တဲ့ ဥရောပရဲတပ်ဖွဲ့နဲ့ အိမ်ရှင် စပိန်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အခုလို ဖမ်းဆီးခဲ့တာပါ။ လက်နက်တသိန်းကျော်နဲ့အတူ ယူရိုငွေ ၈၀,၀၀၀ ကိုလည်း သိမ်းဆီးရမိခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်နက်မှောင်ခိုသမားတွေဟာ သုံးပြီးသားလက်နက်တွေကို ပြန်လည်ပြုပြင်ပြီးနောက် ရာဇဝတ်ဂိုဏ်းတွေနဲ့ အကြမ်းဖက်အဖွဲ့တွေကို ရောင်းလေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
5 years Ago
Up