လက်နက်ကိုင်အုပ်စု

March 10, 2019

မက္ကဆီကိုတွင် လက်နက်ကိုင်အုပ်စုက အရက်ဆိုင်ကို သေနတ်ဖြင့်ပစ်၊ ၁၃ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံအတွင်း အကြမ်းဖက်မှုထူပြောတဲ့ ဂွမ်နာခွာတို ပြည်နယ်ထဲမှာ မတ်လ ၉ ရက် အစောပိုင်းက အရက်ဆိုင်တဆိုင်ကို လက်နက်ကိုင်အုပ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၁၃ ယောက်ထက် မနည်း သေဆုံးပြီး  ၇ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ဒီရာဇဝတ်မှုကို ကျူးလွန်သူ ဘယ်သူဆိုတာ မသိရသေးပါဘူး။ လက်နက်ကိုင်အုပ်စုက ဆာလာမန်ကာ မြို့ထဲမှာရှိတဲ့ လာပလာယာမဲန်း ကလပ်ဆီကို ဗန်ကား ၃ စီးနဲ့ ရောက်လာခဲ့တာပါ။ အဲဒီနောက် ဆိုင်ထဲကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။ အင်အားကြီးတဲ့ ရေနံသူခိုးဂိုဏ်းတွေကလည်း မြို့တွင်း ရေနံချက် စက်ရုံထဲက လောင်စာဆီ အတော်များများကို ခိုးယူသွားခဲ့ပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ သမ္မတ အန်ဒရေ မန်နျူယယ် လိုပဲ့ဇ် အိုဘရဒေါဟာ အယ်လ် မာရိုလို့ လူသိများတဲ့ ဒေသန္တရ ဂိုဏ်းခေါင်းဆောင် ဟိုဆေး အန်တိုနီယို ယေပဲ့ဇ်ကို ဖမ်းဖို့ အကြီးစား ထိုးစစ်ဆင်ခဲ့ပါသေးတယ်။ ဆာလာမန်ကာမြို့ဟာ မက္ကဆီကိုရဲ့ စက်မှုလုပ်ငန်း အချက်အခြာ ပြည်နယ်ထဲမှာရှိနေတာ ပါ။ ဒီပြည်နယ်ထဲမှာ ဗောက်စ်ဝက်ဂွန် တိုယိုတာနဲ့ ဂျင်နရယ် မော်တာလို နိုင်ငံတကာ ကားထုတ်လုပ်ငန်းကြီးတွေ ရှိနေပါတယ်။ ဒါပေမယ့် မနှစ်က လူသတ်မှု ၂ ဆတိုးလာပြီး မက္ကဆီကိုရဲ့ အကြမ်းဖက်ဆုံး ဒေသထဲက တခု ဖြစ်လာတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ပြဆိုထားပါတယ်။
2 years Ago
Up