လက်နက်ကိုင် ၃ ဖွဲ့ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်

October 12, 2015

လက်နက်ကိုင် ၃ ဖွဲ့ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်

ဆယ်စုနှစ်တွေနဲ့ချီပြီး မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကို  ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့က စပြီး မတရားအသင်းအဖြစ်ကနေ  နိုင်ငံတော်သမ္မတက  ပယ်ဖျက်လိုက်ကြောင်း ကြေညာပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့တွေကို  မတရားအသင်း အက်ဥပဒေအရ ကြေညာ ထားရာကနေ  ပယ်ဖျက်ကြောင်း ပြည်ထဲရေးဝန်ကြီး  ဒုဗိုလ်ချုပ်ကြီး ကိုကိုက အောက်တိုဘာ ၁၂ ရက်နေ့စွဲနဲ့ အမိန့်ထုတ် ပြန်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်သူတွေအဖြစ် ကြေညာခံထားရတဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ၂ ဖွဲ့ကို အကြမ်းဖက်သူတွေအဖြစ်ကနေ ပယ်ဖျက်ကြောင်းလည်း ပြည်ထဲရေး ၀န်ကြီးက သီးခြား ကြေညာချက် ဒီကနေ့ ထုတ်ပြန်ပါတယ်။ မတရားသင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့ အဆိုပါလက်နက်ကိုင် ၃ ဖွဲ့ဟာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ အစိုးရနဲ့  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)လက်မှတ်ထိုးမယ့် လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ထဲ အပါအ၀င်ဖြစ်ပါတယ်။
6 years Ago
Up