လက်နက်ကိုင်ဆောင်ပြီး ခရီးသည်ကို ရိုက်နှက်ခဲ့သည့် ထိုင်းအငှားယာဉ်မောင်းကို ဖမ်းဆီး

A d v e r t i s e m e n t With Us

September 12, 2016

လက်နက်ကိုင်ဆောင်ပြီး ခရီးသည်ကို ရိုက်နှက်ခဲ့သည့် ထိုင်းအငှားယာဉ်မောင်းကို ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် လမ်းမတခုပေါ်မှာ အငှားယာဉ်မောင်း အမျိုးသားတဦးဟာ လက်နက်ကိုင်ဆောင်ပြီး ဘေးထိုင်ခုံပေါ်ပါ ခရီးသည် အမျိုးသားတဦးကို ရိုက်နှက်ခဲ့တဲ့အတွက် ဒေါသထွက်နေကြတဲ့ လူအုပ်ကြီးက သူ့ကိုလည်း ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ စက်တင်ဘာ ၁၀ ရက် ညပိုင်းက ဆွိုင်ပရမ်ရူထိုင်း ၁၀ ဒေသမှာ ဖြစ်ပျက်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မျက်နှာမှာ ဒဏ်ရာရထားတဲ့ အဆိုပါယာဉ်မောင်းကို ဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးက နေရာကနေ ထွက်ခွာမသွားနိုင်ဖို့ တားဆီးနေခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာပဲ သူ့ဆီက သိမ်းဆီးရမိတဲ့ သေနတ်တလက်ကိုလည်း တွေ့ရပါတယ်။ ဆမ်မရွန်ဒေသတောင်ပိုင်း၊ ဆမွတ်ပရာကန်ဒေသတွင်း ရဲစခန်းမှ ကင်းလှည့်ရဲတွေဟာ မကြာခင်မှာပဲ ရောက်ရှိလာခဲ့ကြကာ အဆိုပါ အနူဖွန်ဆက်ဂျန်သွတ်ခ် အမည်ရ ယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြပါတယ်။ ရဲတွေဟာ ကားအတွင်းမှ မူးယစ်ဆေးဝါးတွေနဲ့ ဘီဘီသေနတ်တိုအမျိုးအစားတလက်ကို တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ သူ့ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ရှုနေသူတွေထဲမှ တဦးက ရုပ်သံဗွီဒီယိုဖိုင် ရိုက်ကူးပြီး “Phom Wai Run Tham Gin Sang Tua” အမည်ရ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ပြီး မှတ်ချက်မှာ “ယာဉ်မောင်းဟာ သူ့သူငယ်ချင်းရဲ့ဖခင်ကို သေနတ်နဲ့ ချိန်ခဲ့တယ်” လို့ ရေးထားခဲ့တာပါ။ အဆိုပါယာဉ်မောင်းဖြစ်သူဟာ ခရိုင်အုပ်ချုပ်ရေးဌာနမှ ၀တ်စုံကို ၀တ်ဆင်ထားခဲ့ပြီး အဲဒီဝတ်စုံဟာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆက်စပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up