တောင်ဆူဒန်သမ္မတက အတိုက်အခံ လက်နက်ကိုင် အဖွဲအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီးနောက် တောင်ဆူဒန်ပြည်သူတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြပါတယ်။
တောင်ဆူဒန်မှာ ၅ နှစ်နီးပါး ပဋိပက္ခတွေ ဖြစ်ပြီးနောက် သမ္မတ ဆယ်လ်ဗာခီယာက အတိုက်အခံတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်ကို သြဂုတ်လ ၈ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာချက်ခဲ့ပြီးနောက် စတင်အသက်ဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကလည်း မြို့တော်ခါတွန်မှာ သမ္မတနဲ့ အတိုက်အခံတွေအကြား လုံခြုံရေးနဲ့ အာဏာခွဲဝေရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
5 years Ago