လက်တဖက်တည်းဖြင့်

March 23, 2017

လက်တဖက်တည်းဖြင့် စိန်ခေါ်ထိုးသတ်ခဲ့သည့် အာဂလက်ဝှေ့သမားရုပ်သံရေ ပန်းစား(ရုပ်သံ)

လက်ဝှေ့ထိုးအားကစားနည်းဟာ ကိုယ်ကာယကြံ့ခိုင်နေဖို့သာမကဘဲ တကယ်တမ်း သက်လုံကောင်းနေစေဖို့ကလည်း အရေးပါလှပါတယ်။ သာမန်အခြေအနေနဲ့ ကိုယ်လက်အင်္ဂါပြည့်စုံနေသူတွေတောင် လက်ဝှေ့ထိုးသတ်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လက်တဖက်မရှိဘဲ ကျန်တဲ့တဖက်တည်းနဲ့ စိန်ခေါ်ထိုးသတ်ခဲ့တဲ့ လက်ဝှေ့သမားတဦးကို တွေ့ရမှာပါ။ သူတို့ဟာ အရပ်တွင်း မြေ၀ိုင်းလက်ဝှေ့ကြိုးဝိုင်းတခုထဲမှာ ထိုးသတ်ဖို့ အသင့်ရှိနေခဲ့ကြကာ ဘေးပတ်ပတ်လည်မှာတော့ ကြည့်ရှုသူ ပရိသတ်တွေက ၀ိုင်းနေခဲ့ကြ တာပါ။ သူ့ရဲ့ ပြိုင်ဘက် လက်ဝှေ့သမားကတော့ ခြေလက်အင်္ဂါအပြည့်အစုံနဲ့မို့ လက် ရည်တူယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် သူကတော့ ကောင်း ကောင်းတန်ပြန်တိုက်ခိုက်ထိုးသတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို စောခူး(Saw Ku)အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက သူ့ရဲ့စာမျက်နှာပေါ်မှာ မတ်လ ၂၁ ရက်နေ့က စိန်ခေါ်ပွဲအမည်နဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။ ဒီလက်ဝှေ့ပွဲကို မြန်မာနိုင်ငံ ဘယ်နေရာ၊ ဘယ်ဒေသမှာ ဘယ်အချိန်က ထိုးသတ်ခဲ့တယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။
5 years Ago
Up