လက်ဆက်စတာနှင့်ပွဲတွင် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှု အောင်မြင်ဟု အာစင်ဝင်းဂါး ပြော

February 15, 2016

လက်ဆက်စတာနှင့်ပွဲတွင် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှု အောင်မြင်ဟု အာစင်ဝင်းဂါး ပြော

လက်ဆက်စတာနဲ့ပွဲမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ အာဆင်နယ်ဟာ တဘက်အသင်းက ၁ ဂိုး ဦးဆောင်တာကို ခံရပေမယ့် နောက်ကနေ လိုက်ကစားပြီး အနိုင်ရခဲ့တာပါ။ ဒ့ါအပြင် အာဆင်နယ်ဟာ တယောက်လျော့ လက်ဆက်စတာဘက်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီးမှ အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ "ဒီပွဲက တကယ့်ကို လေးနက်တဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုပါပဲ။ တယောက်လျော့နဲ့ ခံစစ်ကစားတာကောင်းတဲ့ အသင်းတသင်းကို ရင်ဆိုင်ခဲ့ရတာပါ" လို့ နည်းပြ ၀င်းဂါးက ဆိုပါတယ်။ ဒီပွဲမှာ အနိုင်ဂိုးကို ၁၀ လကြာ ဒဏ်ရာကြောင့် အနားယူရာကနေ ပြန်ကစားနိုင်လာတဲ့ တိုက်စစ်မှူး ၀ဲလ်ဘက်က သွင်းယူပါတယ်။
6 years Ago
Up