လက်ဆက်စတာစီးတီးနည်းပြကို လစာ ၂ ဆပေးပြီး စာချုပ်သစ်ချုပ်ရန် ပြင်ဆင်

A d v e r t i s e m e n t With Us

March 24, 2016

လက်ဆက်စတာစီးတီးနည်းပြကို လစာ ၂ ဆပေးပြီး စာချုပ်သစ်ချုပ်ရန် ပြင်ဆင်

လက်ဆက်စတာစီးတီးအသင်းကို အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အီတလီလူမျိုးနည်းပြ ရာနီရေးရီကို အသင်းက လစာ ၂ ဆပေးပြီး စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေတယ်လို့ Daily Mirror က ဖော်ပြပါတယ်။ သူ့ရဲ့ လက်ရှိဝင်ငွေဟာ ၁ နှစ် ပေါင် ၁ ဒသမ ၅ သန်းဖြစ်ပြီး စာချုပ်သစ်အရဆိုရင် ၁ နှစ်ကို ပေါင် ၃ သန်း ရရှိမှာဖြစ်ပါတယ်။ သူ့အသင်းဟာ အခုနှစ်မှာ ဖလားရခဲ့မယ်ဆိုရင်တော့ သူ့အတွက် ပထမဆုံးရခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား ဖြစ်သလို အသင်းအတွက်လည်း ပထမဆုံးဖလား ဖြစ်လာမှာပါ။ သူဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ချယ်ဆီးအသင်းကို နည်းပြအဖြစ် လုပ်ခဲ့ဖူးပြီး အောင်မြင်မှုတွေ မရခဲ့ပါဘူး။ သူဟာ လက်ဆက်စတာအသင်းကို အခုရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး  အောက်တန်းမှာပဲ ရုန်းကန်ရမည်လို့ ထင်ကြေးပေးခံရတဲ့ အသင်းက မထင်မှတ်ဘဲ အောင်မြင်မှုတွေရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ပွဲပြီးဆုံးဖို့ ၇ ပွဲသာ လိုတော့တဲ့ အချိန်အထိ ထိပ်ဆုံးမှာ ရပ်တည်နေပြီး နောက်ကလိုက်တဲ့ အသင်းကိုလည်း ၅ မှတ် ဖြတ်ထားနိုင်ပါတယ်။
5 years Ago
Up