လက်စ်ဗီးဂတ်စ် သေနတ်သမား ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင်ခဲ့ဟု ရဲပြော

October 5, 2017

လက်စ်ဗီးဂတ်စ် သေနတ်သမား ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင်ခဲ့ဟု ရဲပြော

လက်စ်ဗီးဂတ်စ် ပစ်ခတ်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ စတီဖင်ပတ်ဒေါ့ဟာ အခုလိုတိုက်ခိုက်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူပြီး အသေအချာပြင်ဆင်ခဲ့တယ်လို့ ကလပ်ကောင်တီ ရဲအကြီးအကဲ ဂျိုးဇက်လိုမာဒိုက အောက်တိုဘာ ၄ ရက်က ပြောကြားသွားပါတယ်။ “ပြီးခဲ့တဲ့ ၇၂ နာရီအတွင်း စုံစမ်းစစ်ဆေးသူ ၁၀၀ ကျော်လောက်ရဲ့ စစ်ဆေးချက်တွေအရ အသက် ၆၄ နှစ်အရွယ် စတီဖင်ပက်ဒေါ့ဟာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူ အန္တရာယ်ရှိသူလို့ ကျနော်ပြောလိုပါတယ်။ ကျနော်တို့ သိရသလောက် သူဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လက်နက်တွေ၊ ကျည်ဆန်တွေ စုဆောင်းထားပြီးတော့၊ သူ့ဘဝအကြောင်းအတော်များများကို နားလည်လို့ မရလောက်အောင် လျှို့ဝှက်နေထိုင်သူလည်းဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး တိုက်ခိုက်မှုဖြစ်တဲ့ ဒီလုပ်ရပ်ကို ကျူးလွန်ဖို့ သူအသေအချာပြင်ဆင်ထားခဲ့တာပါ။” လူ ၅၈ ဦးသေဆုံးခဲ့ပြီး ၅၀၀ ကျော်ဒဏ်ရာရရှိသွားတဲ့ ဒီပစ်ခတ်မှုကို ကျူးလွန်သူ စတီဖင်ပက်ဒေါ့ နဲ့ ပတ်သက်နေတဲ့ နေရာ ၃ ခုကနေ လက်နက် ၅၀ လောက် ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီထဲက ထက်ဝက်လောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သူ့ရဲ့ ဟိုတယ်အခန်းကနေ ရရှိခဲ့တာဖြစ်ပါတယ်။
4 years Ago
Up