မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ အာဆင်နယ်က လက်စတာကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အာဆင်နယ်အသင်းမှာ အဓိကကျတဲ့ တိုက်စစ်မှူး ဆန်းချက် ဒီပွဲမှာ ပါဝင်နိုင်ခြင်း မရှိပါဘူး။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်လောက်မှာ တိုက်စစ်မှူး လာကာဇက်က အာဆင်နယ်အတွက် သွင်းယူပါတယ်။
နောက်ထပ် ၃ မိနစ်လောက်မှာပဲ အိုကာဇာကီက လက်စတာ အတွက် ချေပဂိုး သွင်းယူပါတယ်။ အဲဒီနောက် လက်စတာအတွက် ဒုတိယဂိုးကို ၂၉ မိနစ်မှာ တိုက်စစ်မှူး ဗာဒီက သွင်းယူပြီး အာဆင်နယ်အတွက် ချေပဂိုးကို ၄၇ မိနစ်မှာ ၀ဲဘက်က ပြန်လည် သွင်းယူပါတယ်။
အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
လက်စတာအတွက် တတိယ ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဗာဒီကပဲ သွင်းယူပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ဗာဒီ ခြေစွမ်းပြကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
အာဆင်နယ်အတွက် တတိယချေပဂိုးကို ၈၃ မိနစ်မှာ ရမ်ဆေး၊ အနိုင်ဂိုးကို ၈၅ မိနစ်မှာ လူစားဝင်လာတဲ့ ဂျီရှု့က သွင်းယူပြီး အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ပွဲဦးထွက်မှာပဲ ၃ မှတ် ရရှိသွားပါတယ်။
5 years Ago