လက်စတာ အိမ်ကွင်းလက်မှတ် ပေါင် ၁၅၀၀၀ ဈေးပေါက်

A d v e r t i s e m e n t With Us

April 12, 2016

လက်စတာ အိမ်ကွင်းလက်မှတ် ပေါင် ၁၅၀၀၀ ဈေးပေါက်

ဘောလုံးပွဲလက်မှတ်တွေ ပြန်ရောင်းချတဲ့ အွန်လိုင်းပေါ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းရဲ့ နောက်ဆုံး အိမ်ကွင်းလက်မှတ်တွေဟာ ပေါင် ၁၅၀၀၀ အထိ ဈေးပေါက်သွားပါတယ်။ မေ ၇ ရက် အဲဗာတန်နဲ့ပွဲ လက်မှတ်ဟာ မိနစ် ၉၀ အတွင်း ရောင်းချကုန်သွားပြီး နောက်ပိုင်း ဈေးတင်ရောင်းချမှုတွေ ရှိခဲ့ပါတယ်။ သတ်မှတ်ဈေးထက်ပိုပြီး လက်မှတ်တွေကို ရောင်းချနေရင် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ကလပ်အသင်းက ကြေညာပါတယ်။ လက်စတာရဲ့ ကင်းပါဝါကွင်းဟာ လူ ၃ သောင်းကျော်အထိ လာရောက်အားပေးလို့ ရနေပါတယ်။ လက်စတာအသင်းဟာ ၅ ပွဲကစားဖို့ ကျန်နေပြီး ဒုတိယနေရာက တော့တင်ဟမ်အသင်းကို ၅ မှတ် ဖြတ်ထားနိုင်ပါတယ်။ အဲဗာတန်နဲ့ အိမ်ကွင်းမှာ မကစားခင် ၀က်စ်ဟမ်း၊ ဆွမ်ဆီးတို့ကို အိမ်ကွင်း၊ မန်ယူကို အဝေးကွင်းမှာ ကစားရမှာဖြစ်သလို ချဲလ်ဆီးကိုတော့ နောက်ဆုံးပွဲအဖြစ် အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up