လက်စတာ တိုက်စစ်မှူး ဗာဒီ အက်ဖ်အေ စွဲချက် လက်ခံ

April 22, 2016

လက်စတာ တိုက်စစ်မှူး ဗာဒီ အက်ဖ်အေ စွဲချက် လက်ခံ

မသင့်တော်တဲ့ အပြုအမူကို ပြုမူတယ်လို့ စွပ်စွဲခံထားရတဲ့ လက်စတာတိုက်စစ်မှူး ဗာဒီက အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ရဲ့ စွဲချက်ကို လက်ခံခဲ့ပါတယ်။ ၀က်စ်ဟမ်းအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ ပွဲစဉ်မှာ ဒိုင်လူကြီး ဂျွန်မော့က ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ်လိုက်ချိန် အသက် ၂၉ နှစ်အရွယ် ဗာဒီက ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဒီစွဲချက်ကြောင့် ဗာဒီအနေနဲ့ ၂ ၀ါ ၁ နီကြောင့် တပွဲပယ်ပြစ်ဒဏ်အပြင် နောက်ထပ် ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဗာဒီက ဆွမ်ဆီးနဲ့ပွဲကို လွဲချော်မှာဖြစ်သလို မေ ၁ ရက် မန်ယူနဲ့ ကစားမယ့်ပွဲမှာလည်း ပါဝင်ကစားနိုင်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။ ကစားသမားတွေကို မထိန်းချုပ်နိုင်ဘူးဆိုတဲ့ စွဲချက်ကိုလည်း လက်စတာအသင်းက လက်ခံခဲ့ပါတယ်။
6 years Ago
Up