ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းက အယ်ဂျီးယား တိုက်စစ်မှူး အစစ်လမ် ဆာလာမာနီကို ခေါ်ယူဖို့ ပြောဆို ညှိနှိုင်းနေပါတယ်။
လက်စတာအသင်းက ဆာလာမာနီကို ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းကနေ ခေါ်ဖို့ ကြိုးစားနေတာပါ။
စပို့တင်းအသင်းက ပြောင်းရွှေ့ကြေးအတွက် ပေါင် ၃၄ သန်းကျော် အလိုရှိပေမယ့် လက်စတာကတော့ စဉ်းစားနေပါတယ်။
အသက် ၂၈ နှစ်အရွယ် ဆာလာမာနီ ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ သူဟာ စပို့တင်းအသင်းအတွက် ၄၆ ပွဲမှာ ၃၁ ဂိုး သွင်းပေးထားပါတယ်။
အယ်ဂျီးရီးယား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ပွဲ ကစားခွင့်ရထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။
5 years Ago