လက်စတာအသင်း ပရီးမီးယားလိဂ်ဖလား သိမ်းပိုက်၊ ထိုင်းနိုင်ငံသားများ အောင်ပွဲခံ (ရုပ်သံ)

A d v e r t i s e m e n t With Us

May 8, 2016

လက်စတာအသင်း ပရီးမီးယားလိဂ်ဖလား သိမ်းပိုက်၊ ထိုင်းနိုင်ငံသားများ အောင်ပွဲခံ (ရုပ်သံ)

စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာက အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကစားဖို့ နောက်တပွဲ ကျန်သေးပေမ့ယ် ချန်ပီယံဖလားကိုလည်း တခါတည်း  သိမ်းပိုက်လိုက်ပါတယ်။ အင်္ဂလန်က လက်စတာ အိမ်ကွင်းမှာ အသင်း အောင်ပွဲခံနေတာကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထိုင်းပရိသတ်တွေကလည်း တီဗွီဖန်သားပြင်ကနေ ကြည့်ရှုပြီး  အောင်ပွဲခံနေကြပါတယ်။ ထိုင်းပရိသတ်တွေက လက်စတာ အသင်းကို ထိုင်းအသင်းအဖြစ် မှတ်ယူထားကြသလို၊ လက်စတာ အသင်းရဲ့  အောင်ပွဲကိုလည်း ထိုင်းလူမျိုးတွေရဲ့ အောင်ပွဲအဖြစ် မှတ်ယူနေကြတာပါ။ ပရိသတ်တယောက်က ထိုင်းတွေလည်း ဘောလုံးအသင်းကို အောင်မြင်အောင် ကိုင်တွယ်နိုင်တယ်ဆိုတာကို ကမ္ဘာကြီးကို ပြောလိုက်ချင်တယ်လို့ ဆိုပါတယ်။ အရင်က ထိုင်းတွေဟာ လီဗာပူး၊ မန်ယူ အသင်းတွေကို အသင်းစွဲနဲ့ အားပေးခဲ့ပေမယ့် အခု လက်စတာအသင်းကတော့ ထိုင်းတွေ စီမံကိုင်တွယ်နေတဲ့အသင်း ဖြစ်တယ်လို့ ဂုဏ်ယူပြီး ပြောပါတယ်။
5 years Ago
Up