လက်စတာအသင်းအောင်ပွဲခံရန် ပြင်ဆင် (ရုပ်သံ)

April 30, 2016

လက်စတာအသင်းအောင်ပွဲခံရန် ပြင်ဆင် (ရုပ်သံ)

အင်္ဂလန် ပရီးမီးယားလိဂ်က လက်စတာအသင်းအတွက် အောင်ပွဲခံဖို့ မြို့တော်ဝန်က ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။ လက်စတာမြို့တော်ဝန်ကတော့ လက်စတာစီးတီးဘောလုံးအသင်းရဲ့ ခေါင်းစီးပ၀ါတွေကို လေဘာတီအရုပ်နားမှာ လိုက်လံချိတ်ဆွဲနေပါတယ်။ ဧပြီ ၃၀ ရက်နေ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရင်တော့ လက်စတာအသင်းက ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ဗိုလ်စွဲမှာ ဖြစ်ပါတယ်။ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ ၃ ပွဲကျန်နေပြီး ၃ ပွဲထဲက တပွဲ အနိုင်ကစားနိုင်ရင် ဗိုလ်စွဲပြီ ဖြစ်ပါတယ်။
6 years Ago
Up