လက်စတာအသင်းက တောင်ပံတိုက်စစ်မှူး မာရက်ဇ်ကို ၄ နှစ် သက်တမ်းတိုး

A d v e r t i s e m e n t With Us

August 20, 2016

လက်စတာအသင်းက တောင်ပံတိုက်စစ်မှူး မာရက်ဇ်ကို ၄ နှစ် သက်တမ်းတိုး

လက်စတာအသင်းဟာ အသင်းကြီးတွေကခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တောင်ပံတိုက်စစ်မှူး မာရက်ဇ်ကို လေးနှစ်သက် စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၅ နှစ်ရှိ အယ်လ်ဂျီးရီးယားလက်ရွေးစင် မာရက်ဇ်ဟာ တပတ်လုပ်ခ ပေါင် ၁ သိန်းရရှိမှာဖြစ်ပါတယ်။ မာရက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်မှုနဲ့ပတ်သတ်ပြီး လက်စတာနည်းပြ ယာနီရေးရီက ကျေနပ်နေပြီး မာရက်ဇ်အပေါ် အများကြီးမျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ မာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လက်စတာအတွက် ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ လက်စတာအသင်းဟာ နည်းပြ ယာနီရေးရီကိုလည်း ပြီးခဲ့တဲ့လပိုင်းက စာချုပ်သက်တမ်းတိုးခဲ့သလို အဓိက ကစားသမားတွေဖြစ်တဲ့ မော်ဂန်၊ ဗာဒီ၊ အန်ဒရီကင်း၊ ရှမိုက်ကယ်တို့ကိုလည်း စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
5 years Ago
Up