လက်စတာနည်းပြဟောင်း ရာနီရေးရီကို ပြင်သစ်ကလပ် နန့်စ်အသင်း နည်းပြချုပ်အဖြစ်ခန့်

June 14, 2017

လက်စတာနည်းပြဟောင်း ရာနီရေးရီကို ပြင်သစ်ကလပ် နန့်စ်အသင်း နည်းပြချုပ်အဖြစ်ခန့်

ပြင်သစ်ကလပ် နန့်စ်အသင်းဟာ လက်စတာနည်းပြဟောင်း ရာနီရေးရီကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အီတလီနည်းပြ ရာနီရေးရီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက လက်စတာနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အသင်းလက်မဲ့ ဖြစ်နေတာပါ။ ပရီးမီးယားလိဂ်အသင်းတွေကို ကိုင်တွယ်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပြင်သစ်ကလပ် နန့်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။ ပြင်သစ်ကလပ် နန့်စ်အသင်းဟာ ရာနီရေးရီကိုင်တွယ်တဲ့ ၁၇ သင်းမြောက် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ နန့်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီနည်းပြ ကွန်ဆီကာအိုလက်ထက်မှာ ခြေစွမ်းတိုးတက်လာပြီး အဆင့် ၇ အထိ ရပ်တည်ခဲ့ပေမယ့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာကြောင့် ရာနီရေးရီကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။ အသက် ၆၅ နှစ်ရှိ ရာနီရေးရီဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပြင်သစ်ကလပ် မိုနာကိုအသင်းမှာလည်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး မိုနာကိုအသင်းကို တန်းပြန်တက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
4 years Ago
Up