လက်စတာနည်းပြ

July 25, 2019

မက်ဂွိုင်းယားအတွက် သတ်မှတ်ပြောင်းရွှေ့ကြေး ပေးနိုင်သည့်အသင်း မရှိသေးဟု နည်းပြ ပြော

နောက်ခံလူ မက်ဂွိုင်းယားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးနိုင်တဲ့အသင်း မရှိသေးဘူးလို့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောပါတယ်။ လက်စတာအသင်းဟာ နောက်ခံလူ မက်ဂွိုင်းယားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လောက် အလိုရှိနေတာပါ။ မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့အတွက် တကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ကစားသမားတွေကို ရောင်းချဖို့အတွက် မလိုအပ်တာကြောင့် အလောတကြီး ရောင်းချစရာမရှိဘဲ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရမှ ရောင်းချမယ်လို့ နည်းပြ ရော်ဂျာက ဆိုပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားအတွက်လည်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းတဲ့အသင်း မရှိကြောင်းနဲ့ ရှိခဲ့ရင်တော့ အသင်းကထွက်နိုင်တယ်လို့ နည်းပြ ရော်ဂျာက ဆိုပါတယ်။
4 years Ago

January 25, 2017

လက်စတာနည်းပြ ရေးနီယာရီ အီတလီဂျာနယ်လစ်များနှင့် ဆောင်းပါးရှင်များ ရွေးချယ်သည့်ဆု ရရှိ

လက်စတာစီးတီးအသင်းရဲ့ နည်းပြ ရေးနီယာရီဟာ အီတလီနိုင်ငံမှ ဂျာနယ်လစ်များနဲ့ ဆောင်းပါးရှင်တွေ ရွေးချယ်တဲ့ ဂီရန်နီဘရီရာဆုကို ရရှိခဲ့ပါတယ်။ အီတလီလူမျိုး နည်းပြ ရေးနီယာရီဟာ ပြီးခဲ့တဲ့ရာသီက လက်စတာစီးတီးအသင်းကို အကောင်းဆုံး တည်ဆောက်ပြီးတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အထိ အံ့အားသင့်ဖွယ် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်တဲ့အတွက် အခုဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ရေးနီယာရီဟာ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမား၊ မိုနာကို၊ ဗလင်စီယာ၊ ဂရိ အစရှိတဲ့ အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ပြီးတော့ ၂၀၁၆ ခုနှစ်အတွက် ဖီဖာရဲ့ အကောင်းဆုံး နည်းပြဆု အပါအဝင် အခြားသောနည်းပြဆုတွေလည်း ရရှိခဲ့တဲ့ နည်းပြလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူကိုင်တွယ်နေတဲ့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး ချန်ပီယံဆုကို ဆက်လက်ကာကွယ်ဖို့ မဖြစ်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။
6 years Ago
More News
Up