အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ လက်စတာအသင်းနည်းပြ ရိုင်နရီကတော့ အသင်းမှာပဲ နည်းပြဘ၀ကနေ အနားယူမယ်လို့ ပြောပါတယ်။
အီတလီအသင်းကို ကိုင်တွယ်ဖို့ ချဉ်းကပ်မှုတွေကိုလည်း ငြင်းပယ်သွားမယ်လို့ ရိုင်နာရီက ပြောပါတယ်။
ယူရို ၂၀၁၆ အပြီး အီတလီအသင်းကနေ ထွက်ခွာမယ်လို့ အန်တိုနီယို ကွန်တီက ပြောဆိုခဲ့ပြီး အီတလီအသင်းက သူ့ကို ချိတ်ဆက်နေတာ ဖြစ်ပါတယ်။
လက်စတာအသင်းမှာ နေချင်သလို အရမ်းပျော်တဲ့အကြောင်းနဲ့ စိတ်ကို မပြောင်းလဲနိုင်ဘူးလို့ နည်းပြ ရိုင်နရီက ပြောပါတယ်။
အသင်းကို စတင်တည်ဆောက်ဆဲ ဖြစ်သလို ပိုင်ရှင်က ကျေနပ်ရင်တော့ သူလည်း ပျော်တယ်လို့ ဆိုပါတယ်။
အသက် ၆၄ နှစ်အရွယ် နည်းပြ ရိုင်နရီက လက်စတာအသင်းကို အရင်နှစ် ဇူလိုင်က ၃ နှစ်စာချုပ်နဲ့ စတင်တာဝန်ယူတဲ့ နှစ်မှာပဲ ပရီးမီးယားလိဂ်မှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် လက်ကျန် ၈ ပွဲသာ ကျန်တဲ့အချိန်မှာ လက်စတာအသင်းက ဒုတိယနေရာက စပါးကို ၅ မှတ်အကွာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
လက်စတာဟာ မတ် ၁၉ ရက်မှာတော့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ ကစားမှာလည်း ဖြစ်ပါတယ်။
5 years Ago