လက်စတာစီးတီး

July 14, 2019

လက်စတာစီးတီးနောက်ခံလူ မက်ဂွီရီကို မန်ယူအသင်းခေါ်ယူရန် နီးစပ်နေ

လက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွီရီကို ပေါင် ၇၅ သန်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မက်ဂွီရီဟာ မန်နေဂျာဖြစ်တဲ့ ဘရန်ဒန်ရော်ဂျာကို အသင်းကနေ ထွက်ခွာလိုကြောင်း ပြောကြားထားပြီး အဆိုပါကစားသမားအတွက် ပြောင်းရွှေ့ကြေးပေးဖို့လည်း အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းကလည်း စိတ်ဝင်စားနေတဲ့ အဲဒီနောက်ခံလူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ပိုပြီးစိတ်ဝင်စားနေသလို အပြောင်းအရွှေ့ အမှန်တကယ်ဖြစ်လာပါက လီဗာပူးအသင်းကခေါ်ယူခဲ့တဲ့ ဗန်ဒိုက်ရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ တူညီသွားမှာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ  ဘရူနိုဖာနန်ဒက်စ်နဲ့ ရှောင်လောင်းစတပ်ဖ်တို့ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
3 years Ago

December 7, 2018

လက်စတာအသင်းပိုင်ရှင် လိုက်ပါသွားသည့် ရဟတ်ယာဉ် ပျက်ကျရမှုအကြောင်းရင်း ထုတ်ပြန်

လက်စတာစီးတီးအသင်းပိုင်ရှင် လိုက်ပါသွားတဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့ရတာဟာ ရဟတ်ယာဉ်ရဲ့ အမြီးပိုင်းကို ထိန်းချုပ်တဲ့ဒလက်နဲ့ မောင်းနှင်ခန်း ဆက်သွယ်မှု ပြတ်တောက်နေတာကြောင့် ဖြစ်တယ်လို့ AAIB စုံစမ်းရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လေကြောင်းမတော်တဆမှု စုံစမ်းရေးဌာန (AAIB) က အဲဒီအမှုကို ဆက်လက် စုံစမ်းနေတာဖြစ်ပြီး လတ်တလော တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က Agusta Westland AW 169 အမျိုးအစား ရဟတ်ယာဉ်ဟာ လက်စတာစီးတီးအသင်းရဲ့ ကင်းပါဝါ ဘောလုံးကွင်းအတွင်းကနေ ပျံတက်ပြီး ရှေ့ကိုသွားဖို့လုပ်စဉ် ထိန်းချုပ်နိုင်ခြင်း မရှိနိုင်ဘဲ လည်ထွက်သွားပြီး ဘောလုံးကွင်းရဲ့ ကားပါကင်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လက်စတာစီးတီး အသင်းပိုင်ရှင် ထိုင်းသူဌေးကြီးနဲ့ သူ့ရဲ့ဝန်ထမ်း ၃ ဦး အပါအဝင် ရဟတ်ယာဉ်မောင်းသူပါ သေဆုံးခဲ့ပါတယ်။
3 years Ago
More News
Up