လက်ဂင်စ်

A d v e r t i s e m e n t With Us

September 18, 2016

ဘာစီလိုနာအသင်း လက်ဂင်စ်အသင်းကို ဂိုးပြတ်ဖြင့်အနိုင်ရ

စနေနေ့ညက စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက လက်ဂင်စ်အသင်းကို  ၅ ဂိုး ၁ ဂိုး နဲ့အနိုင်ရသွားပါတယ်။ ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို မက်ဆီက ၂ ဂိုး၊ ဆွာရက်၊ နေမာနဲ့ ရာဖင်ဟာတို့က ၁ ဂိုးစီ အသီးသီး သွင်းယူပေးခဲ့တာပါ။ ဘာကာဟာ ပြီးခဲတဲ့အပတ်က တန်းတက်အသင်း အာဗက်စ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ တန်းတက်အသင်း လက်ဂင်စ်ကို ဘာကာက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ လက်င်စ်အသင်းက ဘာကာဘက်ကို တချက်ချက်မှာ ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်လို့ ဘာစီလိုနာက ၉ မှတ်နဲ့ စပိန်လာာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
4 years Ago
Up