လက်ခ်ျစ်တိန်နာ

June 6, 2018

ဂျူဗင်တပ်နောက်ခံလူ လက်ခ်ျစ်တိန်နာကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းက ဆွစ်ဇာလန်ညာနောက်ခံလူ လက်ခ်ျစ်တိန်နာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ လက်ခ်ျစ်တိန်နာဟာ ကြီးမားတဲ့ အတွေ့အကြုံကောင်းတွေ ရှိတဲ့အပြင် ခေါင်းဆောင်မှု စွမ်းရည်နဲ့ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပြီး ကွင်းထဲမှာသာမက ကွင်းပြင်မှာပါ အသင်းအတွက် အကျိုးရှိစေမယ်လို့ နည်းပြ အူနိုင်းအမ်မရီက ဆိုပါတယ်။ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခွင့်ရတာဟာ ဂုဏ်ယူစရာ ပျော်ရွှင်မှုဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားတွေရရှိအောင် စွမ်းဆောင်သွားချင်တယ်လို့လည်း လက်ခ်ျစ်တိန်နာက ဆိုပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဆွစ်ဇာလန်အသင်းခေါင်းဆောင် လက်စ်ခ်ျတိန်နာဟာ ဂျူဗင်တပ်အသင်းမှာ ၂၀၁၁ ခုနှစ်က စတင်ကစားခဲ့ပြီး စီးရီးအေချန်ပီယံ ၇ ကြိမ် အပါအဝင် ဆုဖလားစုစုပေါင်း ၁၆ လုံး ရယူနိုင်ခဲ့ပါတယ်။
3 years Ago
Up