လက်ခလယ်ထောင်

February 15, 2019

ဂိုးသွင်းပြီး လက်ခလယ်ထောင်အာင်ပွဲခံသည့် ဂါရတ်ဘေးလ် အရေးယူခံရဖွယ်ရှိ

ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့ပုံနဲ့ ပတ်သက်ပြီး ၁၂ ပွဲပယ်ခံရနိုင်တဲ့အထိ အရေးယူခံရဖို့ ရှိနေပါတယ်။ အဆိုပါပွဲစဉ်မှာ ရီးရဲလ်အသင်းက တီကိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂါရတ်ဘေးလ်က သုံးဂိုးမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ဂိုးသွင်းယူအပြီးမှာ အက်သလက်တီကိုပရိသတ်တွေရဲ့ရှေ့မှာ လက်နှစ်ဖက်ကို ​မြှောက်ပြီးနောက် လက်ချင်းယှက်ကာ  အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အဲဒီလို အောင်ပွဲခံမူဟာ စပိန်နိုင်ငံရဲ့ ယဉ်ကျေးမူအရ လက်ခလယ်ထောင်ပြတဲ့ ပုံစံလို စပ်ဆုပ်ဖွယ်ရာ အပြုအမူအဖြစ် သတ်မှတ်ထားတာလို့ သိရပါတယ်။ လာလီဂါဘောလုံးအဖွဲ့ချုပ်ဟာ ဂါရတ်ဘေးလ်ရဲ့ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး စပိန် ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီဆီကို အစီရင်ခံစာရေးသား တိုင်ကြားထားပြီး အရေးယူ မယူနဲ့ ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ဂါရတ်ဘေးလ်ရဲ့ အောင်ပွဲခံမှုဟာ ရည်ရွယ်ချက်မရှိဘဲ သဘောရိုးနဲ့ လုပ်ခဲ့တယ်ဆိုရင်တောင် အနည်းဆုံး ၄ ပွဲ ပွဲပယ်ခံရနိုင်သလို ပြစ်​မှုမထင်​ရှားရင်​​တောင်​ ပရိသတ်တွေကို မလေးမစားပြုမူတယ်ဆိုတဲ့ ပြစ်ဒဏ်နဲ့ ၁ ပွဲကနေ ၃ ပွဲပယ်အထိ ပွဲပယ်ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်​။
2 years Ago
Up