လက်ကျန်ထီ ၂ စောင်မှ ပထမဆုပေါက်

May 3, 2018

ထိုင်းတွင် ရောင်းမကုန်သည့် လက်ကျန်ထီ ၂ စောင်မှ ပထမဆုပေါက်

ထိုင်းနိုင်ငံမြောက်ပိုင်း ခွန်ကဲန်ခရိုင်မှ ထီလက်မှတ်ရောင်းသူတဦးဟာ ရောင်းမကုန်ဘဲ ကျန်နေတဲ့ ထီလက်မှတ်နှစ်စောင်လုံး ပထမဆုပေါက်တဲ့အတွက် တစောင်ကို ဘတ် ၆ သန်းနဲ့ ၂ စောင်အတွက် ဆုငွေ ဘတ် ၁၂ သန်း ရရှိသွားပါတယ်။ ကံထူးရှင် နန်းဖတ် အာထဘန် (အသက် ၅၂ နှစ်) ဟာ ခွန်ကဲန်ခရိုင် ဖွန်းမြို့ ကရုန်းထိုင်းဘဏ်ရှေ့မှာ ထီလက်မှတ်ရောင်းသူတဦးဖြစ်ပြီး မနေ့မနက်က ရောင်းမကုန်တဲ့ ထီလက်မှတ်နှစ်စောင်ကို မိမိအတွက် သိမ်းထားလိုက်ကြောင်း၊ ထီပေါက်စဉ် အမှတ်စဉ် ၃၉  ကြေညာစဉ် ရှိတဲ့လက်မှတ်နဲ့ တိုက်ကြည့်ရာ နှစ်စောင်လုံး ပေါက်ဂဏန်းနံပါတ် ၂၄၈ဝ၃၈ နဲ့ ပထမဆုပေါက်တာကြောင့် ဝမ်းသာအားရနဲ့ ရဲစခန်းမှာ လာရောက်အကြောင်းကြားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ရဲစခန်းက ထီပေါက်ကြောင်း သက်သေအထောက်အထား မှတ်တမ်းတင်ပေးပြီး ဆွေမျိုးတသိုက်လည်း ဝမ်းသာအားရ လိုက်လံအားပေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up