လက်ကားဈေး

June 21, 2018

မက္ကဆီကိုက ကမ္ဘာ့အကြီးဆုံး မြို့ပြအနုပညာရပ်ဝန်းသစ် လက်ကားဈေး

ကမ္ဘာ့အကြီးဆုံး မြို့ပြအနုပညာရပ်ဝန်းသစ်တခုကို မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးက ဆန်ထရယ်လယ်ဘာစထို လက်ကားဈေးမှာ စတင်ပြုလုပ်နေပါတယ်။ လက်ကားဈေးပေါ်ပေါက်တဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အတွက် ရည်ရွယ်ပြီး ဈေးရဲ့အပြင်ပိုင်းကို နံရံမှုတ်ဆေး ပန်းချီတွေနဲ့ အနုပညာရှင်တွေက အလှဆင်ကြမှာပါ။ ဒီစီမံကိန်းကို ကုလသမဂ္ဂ၊ ပြည်တွင်းနဲ့ နိုင်ငံတကာက လူငယ်အနုပညာရှင် ၅၀ နီးပါးက နံရံပန်းချီအမျိုး ၃၀ ကို ပုံဖော်ရေးဆွဲကြမှာ ဖြစ်ပါတယ်။ ဆန်ထရယ်လယ်ဘာစထို လက်ကားဈေးဟာ ဧက ၈၁၀ နီးပါးကျယ်ပြီး နိုင်ငံအနှံ့ရောက်ရှိမယ့် အစားအစာတွေနဲ့ ထုတ်ကုန်တွေကို ရောင်းချနေတဲ့ မက္ကဆီကိုနိုင်ငံရဲ့ အဓိက လက်ကားဈေးကြီး ဖြစ်ပါတယ်။
3 years Ago
Up