ရွှံ့အိုင်ထဲ

March 31, 2019

ရွှံ့အိုင်ထဲ နစ်နေသည့် ဆင်ပေါက်လေး ၆ ကောင်ကို ထိုင်းအရာရှိများ ကယ်တင် (ရုပ်သံ)

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်နဲ့ မိုင်တရာအကွာ ထပ်ပ်လန် အမျိုးသားဥယျာဉ်အတွင်း ရွှံ့အိုင်ထဲမှာ နစ်နေပြီး ပြန်မတက်နိုင်တဲ့ ဆင်ပေါက်လေး ၆ ကောင်ကို ထိုင်းအရာရှိတွေက မတ်လ ၂၈ ရက်မှာ ကယ်ခဲ့ပါတယ်။ အမျိုးသားဥယျာဉ်၊ သားရိုင်းနဲ့ သစ်ပင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန (DNP) က အရာရှိတွေဟာ ရွှံ့အိုင်ထဲကနေ ကုန်းပေါ် ပြန်တက်နိုင်အောင် ဆင်ခြေလျောတခု တူးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။ ဆင်ပေါက်လေးတွေဟာ တူးပေးတဲ့ ဆင်ခြေလျှောအတိုင်း သူတို့ဘာသာ သူတို့ သုတ်သီး သုတ်ပြာ ပြေးတက်ခဲ့ကြတာပါ။ နောက်ဆုံးဆင်ကလေးတွေ မြေအမာပေါ် ခြေချချိန်မှာတော့ အရာရှိတွေနဲ့ လာကြည့်သူတွေက ကောင်းချီးပေးခဲ့ကြပါတယ်။
2 years Ago
Up