ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်

October 12, 2019

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အာဆီယံ ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်စာရင်းဝင်

အာဆီယံ ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်စာရင်းထဲ မြန်မာနိုင်ငံက ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော စာရင်းဝင်ထဲ ပါဝင်သွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိဒ်မှာ ကျင်းပခဲ့တဲ့ အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာပါ။ အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ အပါအဝင် ထိုင်း၊ ဗီယက်နမ်က သဘာဝနယ်မြေ ၅ ခုဟာလည်း အာဆီယံ ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်စာရင်း ဝင်ခဲ့ပါတယ်။ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ခန္တီးမြို့နယ်တွေမှာ တည်ရှိပြီး ၁၉၇၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ ဧက ငါးသိန်းကျော် ကျယ်ဝန်းပြီး ရှားပါးတောရိုင်းတိရစ္ဆာန်တွေ ဖြစ်တဲ့ ကျား၊ ကျားသစ်၊ ဆင်၊ ပြောင်၊ ဝက်ဝံ၊ မျောက်အမျိုးမျိုး၊ ငှက်အမျိုးမျိုးတို့ ကျက်စားနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
2 years Ago
Up