ရှေ့နေ

A d v e r t i s e m e n t With Us

February 13, 2021

ဖမ်းဆီးခံရသူများ ရှေ့နေလိုက်ပေးရန် တရားမျှတမှုစင်တာသို့ အကူအညီတောင်းနိုင်

အကြောင်းတစုံတရာကြောင့် ဖမ်းဆီးခံခဲ့ရရင် ရှေ့နေလိုက်ပေးဖို့ အကူအညီတောင်းနိုင်တယ်လို့ ရန်ကုန် တရားမျှတမှုစင်တာက ကြေညာပါတယ်။

ရန်ကုန်တရားမျှတမှုစင်တာဟာ ရာဇဝတ်မှုနဲ့ စွပ်စွဲခံရပြီး ရှေ့နေငှားဖို့ မတတ်နိုင်သူတွေအတွက် အခမဲ့ ရှေ့နေလိုက်ပေးနေတာဖြစ်ပါတယ်။

“အခု ကျမတို့က ရန်ကုန်အနောက်ပိုင်းခရိုင် ၁၃ မြို့နယ်အတွက်ကိုပဲ ကြေညာထားတာပါ။ ဒါပေမဲ့ ဒီအပြင်ဧရိယာကလူတွေ အကူအညီတောင်းလာရင်လည်း အထက်လူကြီးတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သွားမှာပါ” လို့ စင်တာ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိအချိန်အထိ ဒီကာလမှာ အကူအညီတောင်းလာသူ မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။

စင်တာကို ဆက်သွယ်မယ်ဆိုရင်တော့ ဖုန်း ၀၉ ၂၆ ၂၀၉ ၂၂၆၅၊ ၀၉ ၄၅၄၁၆ ၃၃၆၀၊ ၀၉ ၄၅၀၀ ၄၀ ၇၀ ၄၊ ၀၉ ၂၅၀ ၁၈ ၅၁ ၀၅၊ ၀၉ ၂၅ ၄၂ ၇၁၀ ၈၁၊ ၀၉ ၇၉၃၁ ၆၄ ၇၇၁

3 weeks Ago

February 9, 2021

မြဝတီမြို့တွင် ရှေ့နေများနှင့် ပညာရေးဝန်ထမ်းများ ပြည်သူနှင့်အတူပူးပေါင်း ဆန္ဒပြ

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန်ကွက်တဲ့အနေနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်မနက် ၉ နာရီလောက်ကစတင်ကာ ပြည်သူလူထုအင်အားသောင်းချီပြီး မြို့ မြဝတီမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။  

ဒီနေ့မှာ ဆန္ဒပြသူတွေ မနေ့ကထက်အင်အားပို များလာခဲ့ပြီး ပညာရေးဝန်ထမ်းဆရာမ ဆရာတွေ၊ သစ်တောဝန်ထမ်းတွေနဲ့ ရှေ့နေတွေ ပူးပေါင်းပါဝင်ခဲ့ကြကာ အမှတ်(၁)တံတားကြီးရှေ့မှာ လူစုခဲ့ပြီး မြဝတီမြို့အတွင်း ငြိမ်းချမ်းစွာဖြင့်စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒပြရာမှာ အမေစုနဲ့ သမ္မတကြီးဦးဝင်းမြင့်အားချက် ချင်းလွှတ်၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ- ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးစတဲ့ စာသားတွေ ကြွေးကြော်ခဲ့ပါတယ်။

မြဝတီမြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေကလည်း ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ညက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ဆန္ဒပြ အင်အား မနေ့ကထက် သောင်းချီများပြားလာခဲ့ပါတယ်။

ဆန္ဒပြစစ်ကြောင်းဟာ  မြဝတီမြို့အနှံ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး  မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)တံတားကြီးမှာ ပြန်လည်စုဝေးကြရာ ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ လူစုခွဲခဲ့ကြပါတယ်။

3 weeks Ago
More News
Up