မေလ ၁ ရက်က ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ရှော့ပင်းမောလ်တခုကို စီးနင်းပြီး သီချင်းဆို ဆန္ဒပြ လူ ၂၀၀ လောက်ကို လူစုခွဲခဲ့ပါတယ်။
ရှားတင် အရပ်ရဲ့ New Town ရှော့ပင်းမောလ်မှာ ဆန္ဒပြသူတွေက “ဟောင်ကောင် လွတ်မြောက်ပါစေ။ ငါတို့ခေတ် တော်လှန်ရေး” လို့ ကြွေးကြော်နေချိန်မှာပဲ အဓိကရုဏ်းရဲတွေက ရှော့ပင်းမောလ်ကို ပိတ်ခဲ့ပါတယ်။
အဲဒီရှော့ပင်းမောလ်ဟာ မနှစ်က ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ပဋိပက္ခ ဖြစ်ခဲ့တဲ့ ရှော့ပင်းမောလ်ပဲ ဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူတွေက သူတို့ဟာ တနိုင်ငံ စနစ်နှစ်မျိုးပုံစံ အုပ်ချုပ်မှုရဲ့ အကျင့်ပျက်မှုကို တိုက်ပွဲဝင်နေတာလို့ ပြောဆိုကြပါတယ်။
၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်ပြည်မကြီးထံ ဗြိတိန်လွှဲပြောင်းပေးချိန်က ဟောင် ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို မထိခိုက်စေရဘူးဆိုပြိး တရုတ်အစိုးရက အာမခံထားတာပါ။
ဟောင်ကောင်ဒေသရဲ့ လွတ်လပ်ခွင့်တွေကို ထိခိုက်အောင်လုပ်နေတယ်ဆိုတာကို ဗဟိုအစိုးရက ပယ်ချထားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
10 months Ago