ရှောင်ကွန်လေး

March 15, 2020

သမ္မတထရမ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိဟု သမားတော်ပြော

ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမယ်လို့ ပြောခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သောကြာနေ့ကပဲ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ဆေးစစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စနေနေ့ညပိုင်းမှာ ရလဒ်အဖြေအရ ကူးစက်ခံရမှု မရှိဘူးလို့ သမ္မတရဲ့ သမားတော် ရှောင်ကွန်လေးက မတ် ၁၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ သမ္မတ ထရမ့်အနေနဲ့ ပြီးခဲ့တဲ့ရက် အနည်းငယ်က ဘရာဇီး တာဝန်ရှိသူတဦးနဲ့ အတူတွဲရပ်မိခဲ့တာပါ။ အဲဒီလူဟာ ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုရဲ့  ပြန်ကြားရေး လက်ထောက် ဖြစ်ပြီး၊ ထရမ့်က ပြီးခဲ့တဲ့အပတ်က သူတို့ကို လက်ခံတွေ့ဆုံစဉ် လူချင်းတွဲလျက် ဓာတ်ပုံရိုက်ကူးခဲ့ဖူးပါတယ်။  နောက်ပိုင်းမှာ ဘရာဇီး ပြန်ကြားရေးလက်ထောက် ဖေဘီယိုဝမ်ဂါတန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရပါတယ်။ မတ် ၁၅ ရက်နေ့ ညနေပိုင်းအထိက ကမ္ဘာ့အနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၅၆,၇၃၀ ဦး၊ သေဆုံးသူ ၅,၈၃၉ ဦးနဲ့ နေပြန်ကောင်းလာသူ ဦးရေကလည်း ၇၅,၉၃၃ ရှိတယ်လို့ worldometers သတင်းအချက်အလက် ဝက်ဘ်ဆိုက်က ဖော်ထားပါတယ်။
2 years Ago
Up