ရှောကဲ

September 19, 2020

ဘွန်ဒတ်စ်လီဂါအဖွင့်ပွဲတွင် ရှောကဲကို ဘိုင်ယန်မြူးနစ်က ၈ ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

မနေ့ညကယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်အဖွင့်မှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ရှောကဲကို ၈ ဂိုးပြတ်နဲ့ အနိုင်ယူသွားပါတယ်။  ဘိုင်ယန်မြူးနစ်ကပဲ အိမ်ကွင်းမှာ တဖက်သတ် ခြေအသာနဲ့ကစားသွားပြီး အနိုင်ဂိုးကို နာဘရီ၊ ဂေါ်ရက်စကာ၊ လီဝမ်းဒေါ့စကီး၊ မူလာ၊ ဆာနေးနဲ့ မူဆီရာလာတို့က အသီးသီးသွင်းယူ ပါတယ်။  ဒီပွဲမှာ နာဘရီ ဟက်ထရစ်ဂိုး သွင်းယူနိုင်သလို မန်စီးတီးကနေ ပြောင်းလာတဲ့ ဆာနေးလည်း ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။  ဘိုင်ယန်မြူးနစ်အတွက်တော့ ပွဲပေါင်း ၃၀ မြောက် အနိုင်ရတာ ဖြစ်ပါတယ်။  အခုလို ၈ ဂိုးအထိ သွင်းယူပြီး အနိုင်ရတာဟာ ဘိုင်ယန်မြူးနစ်အတွက်တော့ ဒီနှစ်ထဲမှာ ဒုတိယမြောက် ပွဲစဉ်လည်း ဖြစ်ပါတယ်။ 
8 months Ago

May 17, 2020

ကွင်းပိတ်ကစားသည့် ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ဒေါ့မွန်က ရှောကဲကို ၄ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ဥရောပတလွှား ဘောလုံးပွဲစဉ်တွေထဲမှာ အစောဆုံးအဖြစ် ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေ မေ ၁၆ ရက်ညက ပြန်လည် စတင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထားပါတယ်။   မနေ့က ကန်တဲ့ပွဲတွေထဲမှာ ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ ရှောကဲကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ရှောကဲက အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဟာလန်းက ၁ ဂိုး၊ ရာဖယ်ဂူရိုရိုက ၂ ဂိုးနဲ့ သော်ဂန်ဟာဇက်က ၁ ဂိုး အသီးသီး သွင်းယူပါတယ်။ အခုပြန်စတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာ ကစားသမား လူစားလဲတာကို ၅ ဦးအထိ ခွင့်ပြုပေးထားပါတယ်။ ဒီပွဲနိုင်တဲ့ ဒေါ့မွန်က အမှတ်ပေးဇယားထိပ်က တပွဲလျော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
12 months Ago
Up