အီတလီအသင်းအနေနဲ့ ၃၇ ပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားပေမယ့် ပိုကောင်းဖို့အတွက် ဖြစ်လာလိမ့်မယ်လို့ ချီလီနီက ပြောပါတယ်။
အီတလီအသင်းဟာ စပိန်နဲ့ နေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နောက်ခံလူ ဘိုနူချီ ထုတ်ပယ်ခံခဲ့ရမှုနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားပေမယ့် တိုးတက်နေဆဲ အသင်းတစ်သင်းအတွက် ရှုံးပွဲတစ်ပွဲလိုအပ်ပြီး ပိုကောင်းတဲ့ ခြေစွမ်းရလာမယ်လို့ အသင်းခေါင်းဆောင် ချီလီနီက ပွဲအပြီးမှာ သုံးသပ်ခဲ့တာပါ။
၃၇ ပွဲဆက်တိုက်ရှုံးပွဲမရှိ ကစားနိုင်ခဲ့တာက ဂုဏ်ယူစရာကောင်းပြီး ပြိုင်ဘက်က အလွန်ကောင်းမွန်နေတဲ့အချိန်မှာ လက်ခံရမယ့် ရလဒ်ဖြစ်တယ်လို့ ချီလီနီက ပြောပါတယ်။
အီတလီအသင်းဟာ နေးရှင်းလိဂ် တတိယလုပွဲအနေနဲ့ ဒီကနေ့ညမှာကစားမယ့် ပြင်သစ်နဲ့ ဘယ်လ်ဂျီယံပွဲက ရှုံးတဲ့အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။