ရှုံးပွဲတွေ့

January 9, 2021

ဂျာမန်ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ် ရှုံးပွဲတွေ့

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်း အဝေးကွင်းမှာ မွန်ချန်ဂလတ်ဘတ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးသွားပါတယ်။  ဘိုင်ယန်မြူးနစ်က မိနစ် ၂၀ နဲ့ ၂၆ မိနစ်တို့မှာ လီဝမ်းဒေါ့စကီး၊ ဂေါ်ရက်ဇကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။  ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ပေမယ့် ဂိုးပေါက် ကန်သွင်းမှုမှာတော့ အပြန်အလှန် ရခဲ့ပါတယ်။  ဒါပေမယ့် အိမ်ရှင် မွန်ချန်ဂလတ်ဘတ်အတွက် ချေပဂိုး ၂ ဂိုးကို စတင်ဒယ်နဲ့ အနိုင်ဂိုးတစ်ဂိုးကို ဟော့မန်းက သွင်းယူပါတယ်။  ဒီပွဲရှုံးတဲ့ ဘိုင်ယန်မြူးနစ်က ၃၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပေမယ့် ဒုတိယနေရာက လိုက်ဇစ်အသင်းက နိုင်ရင် အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 
11 months Ago

December 15, 2019

လီဗာပူး နိုင်ပွဲဆက်ပြီး ချဲလ်ဆီး အိမ်ကွင်းတွင် ရှုံးပွဲတွေ့ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်း ရှုံးပွဲတွေ့သွားခဲ့ပြီး လီဗာပူးအသင်း နိုင်ပွဲဆက်ခဲ့ပါတယ်။  ချဲလ်ဆီးအသင်းဟာ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘုန်းမောက်အသင်းကို လက်ခံကစားခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ရတာပါ။ နည်းပြ လမ်းပတ်အတွက် ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  အမှားလုပ်လို့မရတော့တဲ့ အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။ လီဗာပူးကတော့ အမှတ်ပေးဇယား အောက်ဆုံးကို ဝက်ဖို့ဒ်အသင်းကို အကြိတ်အနယ် ကစားခဲ့ရပြီး ဆာလက်ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ တာပါ။  ဒုတိယနေရာက လက်စတာအသင်းကတော့ နော့ဝှစ်ချ်အသင်းနဲ့ အိမ်ကွင်းမှာ သရေကျခဲ့လို့ လီဗာပူး နဲ့ ၁၀ မှတ်အထိ ကွာဟခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့ညမှာတော့ မန်ယူက အဲဗာတန်၊ စပါးအသင်းက ဝုဗ်ဗာဟမ်တန်နဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီး အာဆင်နယ်က မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။ 
2 years Ago
Up